Customer များ ငွေပေးချေမူ ပိုမိုအဆင်ပြေရန်အတွက် အွန်လိုင်းပေးချေမူစနစ်သစ်နှစ်မျိုးကို မိတ်ဆက်

By  |  0 Comments

Customer များ ငွေပေးချေမှုပိုမိုအဆင်ပြေရန် Jovago Myanmar မှ 2c2p Company နှင့် ပူးပေါင်း၍ အွန်လိုင်းငွေပေးချေမှု စနစ်သစ်နှစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။

Customer တွေဟာအခုအချိန်မှစပြီး 1-2-3 Payment သို့မဟုတ် MPU ကဒ် Payment တို့ကို အသုံးပြုပြီး ဘွတ်ကင်များအတွက် ငွေပေးချေနိုင်တော့မှာ ဖြစ်ပါတယ်။

MPU ကဒ်ဖြင့်ငွေပေးချေခြင်း

GET OTP

MPU ကဒ်ဖြင့် ငွေပေးချေရန် ရွေးချယ်ထားလျှင် မိမိ MPU ကတ်၏ Card No. နှင့် Expire Date တို့ကို ဖြည့်စွက်ပြီးပါက GET OTP ဆိုသော Button ကို နှိပ်လိုက်ပါ။ MPU ကဒ်အတွက် Register လုပ်ထားသော ဖုန်းနံပါတ် (သို့) Email လိပ်စာသို့ OTP Code ရောက်ရှိပါလိမ့်မည်။ ထိုအခါ ရရှိလာသော ကုဒ်လေးကို ဖြည့်စွက်ပြီး Confirm Payment လုပ်နိုင်မည် ဖြစ်သည်။

1-2-3 Payment

1-2-3 Payment တွင် Over the Counter Payment နှင့် Bank Channel Payment ဟူ၍ နှစ်မျိုးရှိသည်။

Over the Counter

Over The Counter

Over the Counter Payment ကို ရွေးချယ်ထားလျှင် နာမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ တို့ကို ဖြည့်ပေးရမည်ဖြစ်ပြီး “Continue Payment” Button ကိုနှိပ်လိုက်ပါက ငွေပေးချေကုဒ်၊ ဘောက်ချာနံပါတ်နှင့် ဘားကုဒ်တစ်ခု တို့ကို Jovago Customer Service မှ Email ပေးပို့ပေးပါလိမ့်မည်။ ၄င်းဘားကုဒ်ကို ပုံတွင်ပါရှိသော Convenience Store ဆိုင်များဖြစ်သည့် 1-Stop ၊ abc  ၊ g&g ၊ CAPiTAl ၊ e-city ၊ Mr. FONE ၊ WAI YAN ၊ awba အစရှိသည်တို့တွင် Scan ဖတ်ပြီး ငွေပေးချေနိုင်ပါသည်။

Bank Channels

Bank Channels

ဘဏ်မှတစ်ဆင့် ငွေပေးချေလိုလျှင် အထက်ပါအတိုင်းမိမိ၏ အချက်အလက်များကို ဖြည့်စွက်ပြီးနောက် CB, KBZ, AGD, UAB နှင့် AYA ဘဏ်များထဲမှ မိမိကြိုက်နှစ်သက်ရာဘဏ်ကိုသွား၍ ငွေပေးချေနိုင်ပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *