အင်းလေးရောက်လျှင်ဝင်စားကြည့်သင့်သောဆိုင်များ

By  |  0 Comments

ညောင်ရွှေမြို့ မှာရှိတဲ့အင်းလေးဟာ မြို့ကြီးတွေလိုမဟုတ်ပေမဲ့ tourist attraction နေရာတစ်နေရာဖြစ်တဲ့အတွက်စားသောက်ဆိုင်ပေါများတဲ့ နေရာတစ်နေရာဖြစ်ပါတယ်။ဒီတစ်ခေါက်တော့ အင်းလေးမှာရောက်ရင် ဝင်စားကြည့်သင့်တဲ့ စားသောက်ဆိုင်တစ်ချို့အကြောင်းပြောပြပါမယ်။

လင်းထက်မြန်မာစားသောက်ဆိုင်

ဒီဆိုင်ကတော့ဘယ်ရောက်ရောက် မြန်မာထင်းနဲ့ဟင်းကိုမှ စားချင်တဲ့လူတွေသွားသင့်တဲ့ဆိုင်ပါ။ ဈေးချိုပြီး အလွန်အရသာရှိတဲ့ဆိုင်ပါပဲ။ဆိုင်ကတော့ ရုံကြီးလမ်းထောင့်က ဈေးမှာရှိပါတယ်။

Viewpoint Restaurant

Viewpoint စားသောက်ဆိုင်
ဒီဆိုင်ကတော့ညောင်ရွှေရဲ့ အသားနားဆုံးစားသောက်ဆိုင်ပါပဲ။ အင်းလေးဒေသမှာရှိတဲ့ တောင်တန်းတွေ စိုက်ခင်းတွေရဲ့ ရှုခင်းကို    အပြည့်အဝခံစားနိုင်တဲ့နေရာတစ်နေရာဖြစ်ပါတယ်။ရုံကြီးလမ်းမှရှိပြီး နံနက် ၆ နာရီမှ ည ၁၀နာရီ အထိဖွင့်ပါတယ်။

စင်ရော် စားသောက်ဆိုင်
စင်ရော်စားသောက်ဆိုင်ကတော့ ရှမ်းစာကိုအဓိကရောင်းတဲ့ ဆိုင်ပဲဖြစ်ပါတယ်။ ဒီဆိုင်ကတော့ ဝန်ဆောင်မှုနဲ့ ရော cocktail အတွက်ပါနာမည်ကြီးပါတယ်။ ကျောင်းတော်အရှေ့ လမ်းမှာရှိပြီး နံနက် ၉:၃၀ မှ ည ၁၀:၃၀ အထိဖွင့်ပါတယ်။

One Owl Grill Restaurant

One Owl Grill
ဒီဆိုင်ကတော့ tapas စတိုင်ဟင်းလျာတွေသာမက နံနက်စာတွေ၊ salad တွေ၊burger တွေ၊pastaတွေ ကြောင့် နာမည်ကြီးပါတယ်။ ညောင်ရွှေကတခြားဆိုင်တွေထက် နည်းနည်းဈေးကြီးပေမဲ့ ညဥ့်နက်တဲ့အထိဖွင့်တဲ့ တစ်ခုထဲသောဆိုင်ဖြစ်ပါတယ်။ ရုံကြီးလမ်းမှာရှိပြီး   နံနက် ၉ နာရီမှ ည ၁၁နာရီအထိဖွင့်ပါတယ်။

ဒီဟာကိုဖတ်ပြီး အင်းလေးမှာဆိုင်ကောင်းကောင်းမှာရွေးစားနိုင်မယ်လို့ထင်ပါတယ်။ အင်းလေးကန်ကဟိုတယ်တွေ ကိုဈေးသက်သက်သာသာနဲ့တည်းချင်တယ်ဆိုရင်တော့ Jovago နဲ့ဘွတ်ကင်တင်ထားလိုက်နော်။

Photo Credit: http://inleviewpoint.com/burma-restaurant/, https://www.oog.asia/http://travelphotos.alittleadrift.com/Asia/Myanmar-Burma/Inle-Lake/i-jJhGVz5

Leave a Reply

Your email address will not be published. Required fields are marked *