သာယာလှပသောကမ်းခြေများနှင့် ပုသိမ်မြို့

By  |  0 Comments

ပုသိမ်မြို့အကြောင်း

ပုသိမ်မြို့ဟာ ရန်ကုန်မြို့အနောက်ဘက်မိုင် ၁၀၀ ကျော်အကွာဝေး ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာတည်ရှိပါတယ်။  ရခိုင်ရိုးမ၊ ပင်လယ်ကမ်းရိုး တန်းနဲ့ အနောက်ဘက်မှာ ဧရာဝတီမြစ်လက်တက်တို့က  မြို့ကို ၀န်းရံထားပါသေးတယ်။ ပုသိမ်ဟာ ချောင်းသာ၊ငွေဆောင်တို့လို လှပတဲ့ ကမ်းခြေတွေနဲ့ နီးတာကြောင့် ခရီးသွားတွေကြား ထဲမှာလူသိများတဲ့ မြို့တစ်     မြို့ဖြစ်ပါ။

Untitled-7

ပုသိမ်မြို့မှာ လည်ပတ်စရာ

ရွှေမုဌောဘုရားဟာ ပုသိမ်မြို့ရဲ့ အဓိကခရီးသွားဆွဲဆောင်မှုတစ်ခုဖြဖစ်ပါတယ်။ ဒါကြောင့် ပုသိမ်ရောက်ရင် နာမည်ကျော် ရွှေမုဌောဘုရားကိုလည်း မဖြစ်မနေ၀င်ဖူးသင့်ပါတယ်။ ပုသိမ်ရောက်ရင် သွားသင့်တဲ့နေရာတွေထဲမှာ ပုသိမ်ယဉ်ကျေးမှုပြတိုက်လည်း ပါဝင်ပါတယ်။ ဒီပြတိုက်ကို ၁၉၉၀ မှာဖွင့်လှစ်ခဲ့ပြီး ပုသိမ်ထီးတွေ၊ ဗုဒ္ဓ္ဓရုပ်ပွားတော်တွေ၊ ပန်ချီကားတွေ၊ ရိုးရာယဉ်ကျေးမှုပစ္စည်း တွေအပါအ၀င် ၁၉ ရာစုနှစ်က အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို ပြသထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပုသိမ် ရောက်ရင် ဧရာဝတီမြစ်ထဲမှာ မော်တော်ဘုတ်စီးပြီး  ရှုခင်းကြည့်တာတွေကိုလည်းပြုလုပ်နိုင်ပါသေးတယ်။

9

ပုသိမ်ထီး

နောက်ထပ် ပုသိမ်မြို့ရဲ့ ထင်ရှားတဲ့ အမှတ်သားတစ်ခုကတော့ မြန်မာ့ရိုးရာပုသိမ်ထီးပဲဖြစ်ပါတယ်။ ပုသိမ်မြို့ဟာ မြန်မာ့ရိုးရာပုသိမ်ထီးတွေ ပြုလုပ်တဲ့ဒေသဖြစ်ပါတယ်။ ဒေသခံတွေဟာ ပုသိမ်ထီးလုပ်ငန်းကို အမွေနှစ်တစ်ခုအဖြစ် ယနေ့အချိန်ထိကျယ့်ပြန့်စွာလုပ်ကိုင်နေကြပါတယ်။ သေသပ်လှပတဲ့ ပုသိမ်ထီးတစ်လက်ဖြစ်ဖို့ အဆင့်ပေါင်းလေးဆယ်ကျော် ကျော်ဖြတ်ရပြီး အချိန်တစ်လကျော်ယူရတယ်လို့ဆိုပါတယ်။

Untitled-1

သာယာလှပတဲ့ကမ်းခြေများ

ပုသိမ်အနီးမှာ  ချောင်းသာနဲ့ငွေဆောင်ဆိုပြီး နာမည်ကျော်ကမ်းခြေနှစ်ခုရှိပါတယ်။ ချောင်းသာကတော့ ပြည်တွင်းခရီး သွားတွေ  သဘောကျတဲ့ နေရာတစ်ခုဖြစ်လို့ အမြဲလိုလို ပြည်တွင်းခရီးသည်တွေနဲ့စည်ကားနေပါတယ်။ ငွေဆောင်ကတော့ နိုင်ငံခြားသားတွေအလာများပြီး ကမ်းခြေမှာ ကိုးမိုင်ခွဲကျော် ရှည်လျားပါတယ်။  ချောင်းသာက သဲဖြူကျွန်း၊ ငွေဆောင်က ငှက်ကျွန်းတို့ကို လှေနဲ့သွားရောက်လည်ပတ်ပြီး  snorkelling လုပ်တာတွေ၊ ငါးမျှားတာတွေ စသဖြင့်  ပျော်ရွှင်စရာ အစီစဉ်တွေကလည်း အများကြီးပါ။

အစားသောက်

ကမ်းခြေဖြစ်လို့ရွာထဲမှာရော ပင်ပင်လယ်စာ စားသောက်ဆိုင်တွေ အများပြားကိုပဲ တွေ့ရမှာပါ။ ဒေသခံနည်းလမ်းတွေနဲ့ ချက်ပြုတ်ထားတဲ့ လတ်လတ်ဆတ်လတ် အရသာရှိတဲ့ ပင်လယ်စာတွေကို တ၀ကြီး မြည်းစားနိုင်မှာတော့ သေချာပါတယ်။ အိမ်အပြန်လက်ဆောင်အတွက်လည်း ပုသိမ်ဒေသထွက် ဟာလ၀ါနဲ့ အခြားအစားသောက်တွေကို ၀ယ်ယူနိုင်ပါသေးတယ်။

Best hotels in Pathein city

Myanmar Koe Hotel

Htike Myat San Hotel

Delta Hotel

Nay Chi Lin Hotel

Shwe Pachi Hotel

Best hotels in Chaung Thar

Hotel Ayeyarwady

Royal Ruby Guest House

Hill Garden Hotel

Shwe Ya Min Guest House

Best hotels in Ngwe Saung

Sunny Paradise Hotel

Aureum Palace Hotel and Resort

Ambo Hotel Ngwe Saung

Yuzana Resort

Hotel Lux

If you are planning to visit the Pathein city, you can find and book the cheapest hotels in Pathein on Jovago.com.mm website.

 

Leave a Reply

Your email address will not be published. Required fields are marked *