ပင်းတယရောက်ရင် မဖြစ်မနေ၀င်ရမယ့် နေရာများ

By  |  0 Comments

ပင်းတယအကြောင်း

ပင်းတယလို့ ပြောလိုက်ရင် သဘာဝထုံးကျောက်ဂူတွေ၊ ထောင်ပေါင်းများစွာသောဘုရားဆင်းတုတွေကို ပြေးမြင်မိကြမှာပါ။ ပင်းတယမြို့လေးဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တည်ရှိပါတယ်။ ကလော၊ အင်းလေး၊ တောင်ကြီးတို့လိုပဲ ခရီးသွားတွေကြားထဲမှာ လူသိများတဲ့ ရှမ်းပြည်နယ်က မြို့လေးတစ်မြို့ဖြစ်ပါတယ်။  ပင်းတယမှာ လည်ပတ်စရာနေရာတွေကလည်း များလှပါတယ်။ ဒါကြောင့် ဒီမြို့လေးကို အလည်ပတ်သွားမယ်ဆိုရင် မဖြစ်မနေ၀င်ရမယ့်နေရာတွေကို ပြောပြပေးချင်ပါတယ်။

3

ပင်းတယဂူ

ပင်းတယမြို့ရောက်ရင် အဓိက သွားရမယ့်နေရာကတော့ ရွှေဥမင်သဘာဝလှိုက်ဂူပါ။ တော်တော်များများက  ပင်းတယဂူလို့လည်း အလွယ်တကူ ခေါ်ကြပါတယ်။ ဒီရှေးဟောင်းဂူက ပင်းတယမြို့ အနောက်တောင်ဘက် တစ်မိုင်အကွာ တောင်ကုန်း လေးပေါ်မှာရှိတာပါ။ လှပတဲ့နေရာလေးဖြစ်လို့ ပင်းတယမြို့ရဲ့ အဓိက ခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်လာပါတယ်။ ဂူအတွင်းကို ၀င်လိုက်ရင်  အေးအေးစိမ်စိမ့်ခံစားရပြီး အရွယ်စား၊ ပုံစံအမျိုးမျိုးရှိတဲ့ ဘုရားဆင်းတုတော်ပေါင်း ၈၀၀၀ကျော် ကိုတွေ့မြင်ရမှာပါ။ ဒီဘုရားတွေဟာ လွန်ခဲ့တဲ့ ၁၁ ရာစုနှစ်က ရှေးဟောင်းဗိသုကာလက်ရာတွေလို့ သိရပါတယ်။ ဘုရားပွဲတော်ကိုလည်း နှစ်စဉ် ဖေဖော်ဝါရီ သို့မဟုတ် မတ်လတွေမှာ ပြုလုပ်လေ့ရှိပါတယ်။

2

ရှစ်သောင်းလေးထောင်ဘုရား

ပင်းတယရောက်ရင် မဖြစ်မနေ၀င်သင့်တဲ့ ဘုရားတွေထဲမှာ နာမည်ကျော် ရှစ်သောင်းလေးထောင်ဘုရားလည်း ပါဝင်ပါတယ်။ သေးငယ်တဲ့ ဘုရားအဆူပေါင်း ရှစ်သောင်းလေးထောင်နဲ့ ဘုရားကို တည်ထားဖြစ်ပါတယ်။ ဒါကြောင့် ပုံသဏ္ဍာန်အရထူးခြားတဲ့ ပင်းတယမြို့က  တန်းခိုးကြီးဘုရားတစ်ဆူဖြစ်ပါတယ်။

စဥ့်ကျောင်းတော်

စဥ့်ကျောင်းတော်ဟာ ဆန်းပြားတဲ့ အဆောက်ဦးပုံစံနဲ့ကုံလုံဆရာတော်ဘုရားကြီး သတင်းသုံးတဲ့ ကျောင်းတော်ဖြစ်ပါတယ်။ ကျောင်းတော်ရဲ့ အလယ်မှာ ကုံလုံဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာဒ်ကို အများပြည်သူတွေဖူးမျှော်နိုင်ဖို့အတွက် ထားရှိထားပါတယ်။ ဒီရုပ်ကလာဒ်ဟာ ဆေးစိမ်ထားခြင်းမရှိဘဲ ၁၀ နှစ်ကျော်ကြာသည်တိုင်အောင် မပုပ်မသိုးဘဲရှိနေတဲ့အတွက် လာရောက်ဖူးမျှော်သူ  ဗုဒဘာသာခရီးသွားတွေနဲ့ စည်းကားလှပါတယ်။

5

ပုန်းတလုပ်ရေကန်

ပင်းတယရောက်ရင် မဖြစ်မနေ၀င်ရမယ့် နေရာတစ်ခုကတော့ ပုန်းတလုပ်ရေကန်ပါ။ ပင်းတယဂူနဲ့ သိပ်မဝေးတဲ့ အကွာဝေးမှာပဲရှိပါတယ်။ သာယာလှပတဲ့ အစိမ်းရောင်ရေကန်ဟာ ၈၁.၁၂ ဧက ကျယ်ဝန်းပါတယ်။ နတ်သမီးခုနှစ်ဖော် နဲ့ အချစ်ဇာတ်လမ်းတွေ  ပါဝင်တဲ့ ဒီရေကန်ဟာ ပါးစပ်ရာဇ၀င်လိုလို သမိုင်းလိုလို  အဖြစ်ပျက်တွေရှိတဲ့ နေရာဖြစ်ပါတယ်။ အချို့ကတော့ ဒီအဖြစ်ပျက်တွေက အမှန်လို့ ယုံကြည်ကြပါတယ်။

Best hotels in Pindaya

Pindaya Inle Inn

Golden cave hotel

Conqueror Resort

ရှမ်းပြည်နယ်က ကလော၊ အင်းလေး၊ တောင်ကြီးတို့ကို လည်ပတ်တဲ့အခါ ရှေးဟောင်းဘုရားတွေ၊ သာယာလှပတဲ့အထင်ကရနေရာတွေရှိတဲ့ ပင်းတယမြို့လေးကို လည်း တဆက်တည်း လည်ပတ်ဖို့ အကြံပြုပါတယ်။ ပင်းတယဟာ ရှမ်းပြည်နယ်က အကောင်းဆုံးခရီးသွားမြို့ထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့်  ဒီနေရာတွေအားလုံးကို လည်ပတ်မယ်ဆိုရင်တော့ အနည်းဆုံး အချိန်တစ်ရက်တော့ ပေးဖို့လိုအပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *