ကစားကွင်းတွေဆီ အလည်သွားမယ်

By  |  0 Comments

တနေ့ တနေ့ ပန်းခြံသွားလိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့ ပျင်းလာရော။ ရန်ကုန်မှာ ကစားကွင်းတွေ လည်း အများကြီးမရှိသေးဘူး။ ဒါပေမယ့်  အားလပ်ရက် သူငယ်ချင်း၊ မိသားစုနဲ့အတူတူ ကစားကွင်းသွားပြီး စိတ်လွတ်လက်လွတ်အပန်းဖြေချင်သူတွေအတွက် သွားသင့်တဲ့ ရန်ကုန်ကအကောင်းဆုံးကစားကွင်းအချို့ကို လမ်းညွှန်ပေးလိုက်ပါတယ်။

 

Yangon Waterboom

သိပ်မကြာသေးခင်က ဖွင့်လှစ်လိုက်တဲ့ ကစားကွင်းပါ။ ၀င်ကြေးပေးလိုက်တာနဲ့ ရေကစားနည်း ၁၁ မျိုးကို ကစားနိုင်မှာပါ။ ၀င်ကြေးတွေကတော့ လူကြီး တစ်ဦးကို ကျပ် နှစ်သောင်းဖြစ်ပြီး ကလေးဆိုရင်တော့ ကျပ် ၁၅၀၀၀ ပါ။ ဒီကစားကွင်းမှာ spa လုပ်နိုင်မယ့်နေရာတွေ၊ unplugged show ၊ နားနေဆောင်တွေနဲ့ စားသောက်ဆိုင်တွေအများပြားပါဝင်ပါတယ်။ တနင်္လာနေ့တိုင်းတော့ ပိတ်တယ်နော်။ လိပ်စာကတော့ ယမုံနာ လမ်း၊ ဒေါပုံမြို့နယ်မှာပါ။ ပျော်ရွှင်စရာရေကစားနည်းတွေ ကစားရင်း သူငယ်ချင်း၊ မိသားစုတွေနဲ့အတူ ပိတ်ရက်ကိုဖြတ်သန်းနိုင်မှာသေချာပါတယ်။

2

Happy world ကစားကွင်း

ကစားကွင်းဆိုတော့ ကလေးတွေအကြိုက်ပေါ့။ ရွှေတိဂုံဘုရားလမ်း၊ ဘုရားတောင်ဘက်မုဒ်မှာရှိပြီး လူသိများတဲ့ ကစားကွင်းတစ်ခုပါ။ စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ ကလေးတွေ၊ လူငယ်တွေနဲ့ ပြည့်ကျပ်နေတတ်တယ်။ 3D အနုပညာ ပြခန်း၊ သရဲအိမ်၊ သရဲရထား၊ ကာရာအိုကေ၊ မျက်လှည့်ပွဲတွေရှိတဲ့အပြင် ဂိမ်းတွေမျိုးစုံကို ကစားနိုင်မှာပါ။ဒါ့အပြင် ကလေးတွေအကြိုက်စီးစရာတွေလည်း အများပြားရှိလို့ ပိတ်ရက်မှာသင့်ကလေး တွေကို ခေါ်ဆောင်သွားဖို့ နေရာကောင်းလေးပါ။

4

Fun Valley Theme Park

ရန်ကုန်ရဲ့လူသိများတဲ့ Fun Valley  ကတော့ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံမှာတည်ရှိပါတယ်။ ၀င်ကြေးအခမဲ့ဖြစ်ပြီး  ကစားနည်းတစ်မျိုးအလိုက် ကျပ် ၁၀၀၀ ကောက်ခံမှာပါ။ အာကာသယာဉ်၊ ပင်လယ်ဓားပြလှေစသဖြင့် ကလေးတွေအတွက် စီးစရာမျိုးစုံရှိတာကိုတွေ့ရတယ်။ ဒါ့အပြင် ပန်းခြံထဲမှာပဲ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်တွေပါတဲ့ ဈေးဝယ်စင်တာလည်းရှိတာမို့ လူကြီးတွေအတွက်လည်းအပျင်းပြေစေမှာပါ။ ရုံးပိတ်ရက်တွေဆိုရင်တော့ လူတွေကျပ်ညပ်နေမှာသေချာတယ်။

3

အလီဘာဘာကစားကွင်း

ဂိမ်းကစားရတာကိုနှစ်သက်တဲ့သူတွေအတွက် အလီဘာဘာကစားကွင်းက သင်ရွေးချယ်သင့်တဲ့နေရာပါ။ ကမ္ဘာအေးဘုရားလမ်းပေါ်က မြန်မာပလာဇာမှာ ဖွင့်လှစ်ထားတာပါ။ Jurassic park ၊ transformer တို့လိုဂိမ်းတွေကို ကစားနိုင်မှာမို့ ဂိမ်းခရေစီတွေ လက်မလွတ်သင့်ဘူးနော်။

 

အားလပ်ရက်မှာ ရန်ကုန်ကို လာဖို့အစီစဉ်ရှိတယ်ဆိုရင် ဈေးသက်သာတဲ့ ရန်ကုန်ဟိုတယ် တွေကို Jovago မြန်မာဝက်ဆိုက်ဒ်မှာ ဟိုတယ်ဘွတ်ကင်ပြုလုပ်နိုင်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *